အလိုတော်ပြည့် ဘုရားရှိခိုးနှင့် ဆွမ်းတော်ကပ်နည်း
အလိုတော်ပြည့်လိုသော
ပုဂ္ဂိုလ်များသည် အလိုတော်ပြည့်ဘုရား၌သော်လည်းကောင်း၊ဘုရားစေတီပုံနှင့်
ဘုရားဆင်းတုတော်၌သော်လည်းကောင်း၊ထိုပုံတော်ရှေ့၌
အောက်ပါ ဆရာတော် ညွှန်ကြားချက်အတိုင်း ပြုလုပ်လှူဒါန်း နိုင်ပါသည်။
၁။ ရှေးဦးစွာသစ်သီး(၉)မျိုး၊ပန်း(၉)မျိုး၊ရေချမ်း(၉)ခွက်၊ဆွမ်း(၉)ခွက်၊ဆီမီး(၉)တိုင်၊ထွန်းညှိပြီး လှူဒါန်းရ
ပါမည်။
(မှတ်ချက်။ ။သစ်သီး(၉)မျိုးလှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ရှောက်သီး၊မာလကာသီး၊ဟင်းချက်စား
ရသော သီးမျိုးစုံ မပါစေရ။)
၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။
၃။ ဆွမ်း၊သစ်သီး၊ပန်း၊ရေချမ်း၊ဆီမီးပြည့်စုံအောင်
လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ။
ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။
အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့်မဟာဗုဒ္ဓေါ၊
ဒေဝမနုဿပူဇိတော။
သောရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတု မေ။
မဟာဓနံ ကရောတု မေ၊
မဟာသုခံ ကရောတု မေ။
(အနက်)
အလိုတော်ပြည့်မဟာဗုဒ္ဓေါ - သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုန်လုံ တန်ခိုးဂုဏ်ဖြင့် တောင့်တ လင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားသည်၊ဒေဝ မနုဿ ပူဇိတော - နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူထပါပေသော၊ ပစ္စယာဒီနံ - တကာတကာမတို့ သဒ္ဓါ ရွှင်လန်း ထာဝရလှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး,ရေချမ်း, ပန်းအစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော၊ရဟော - ဆိတ်ကွယ်ရာအရပ်၌ အကုသိုလ်ဒုစရိုက် ဟူသမျှကို ပယ်သတ်တော် မူထသော၊ သော ဗုဒ္ဓေါ - ငါးမာရ်အောင်ဘိ ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ မေ(အမှာကံ) - အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော် တို့အား၊ဝရံ - မြတ်လှစွာသော၊သုခံ - ချမ်းသာခြင်းကို၊ဝရံ - မြတ်လှစွာသော၊ဓနံ- စည်းစိမ်းဥစ္စာကို၊ဝရံ - မြတ်လှစွာသော လာဘံ - လာဘ်သပကာကို ကရောတု - ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနား တော်မူပါ
အရှင်မြတ်ဘုရား။
အလိုတော်ပြည့်ဘုရား ဆွမ်းကပ်နည်း
သုဘောဇနံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဖလံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပုပ္ဖံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဥဒကံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပဒီပံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သူသုံးပါးတို့၏ မကိုဋ် ဦးခိုက်ပူဇော်ထိုက်သော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားကို ဤမွန် မြတ်သော ဆွမ်းတို့ဖြင့်လည်းကောင်း၊သစ်သီးတို့ဖြင့်လည်းကောင်း၊ပန်းတို့ဖြင့်လည်းကောင်း၊အေးမြကြည်
လင်သော ရေချမ်းတို့ဖြင့်လည်းကောင်း၊ ဆီမီးတို့ဖြင့်လည်းကောင်း၊အလိုတော်ပြည့် မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ကြပါကုန်၏။ မြတ်နိုးကြပါကုန်၏။ ကော်ရော်ကြပါကုန်၏။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ အမြတ်တနိုး လှူဒါန်းရသော ကုသိုလ်ကံစေတနာတို့ကြောင့် အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ရန်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းလွင့်ပျောက် မရောက်သည်သာ ဖြစ်၍ တပည့်တော်တို့ လိုလားတောင့်တအပ်သော တစ်ခုတည်းသော ဆုသည်
ပြည့်စုံလုံလောက် အပြီး ရောက်ပါစေသတည်း။
အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
အတီတေ ဝတ္တမာနေ စ၊
ယံ ပုညံ ပကတံ မယံ။
ဣဓေဝ တဿ ပစ္စက္ခေ၊
ဝိပါကော မေ ဝိပစ္စတု။
တပည့်တော်တို့သည် ဘဝသံသရာ အဆက်ဆက်က ဒါန,သီလ,ဘာဝနာဟု ဆိုအပ်သော ကုသိုလ်ကောင်း မှုတို့ကို ပြုလုပ် အားထုတ်ခဲ့ကြပါကုန်၏။ ယခုဘဝ၌လည်း ဒါန,သီလ,ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ်အားထုတ်ကြပါသည် အရှင်ဘုရား။ ထိုကုသိုလ်ကောင်းမှုနှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း။
သစ္စာပြုဆုတောင်း
ဧတေန သစ္စဝဇ္ဇေန၊
ဧကံ ဆန္ဒံ သမိဇ္စျတု။
ဧတေန သစ္စဝဇ္ဇေန - ဤသို့ နှုတ်မှန် ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့်၊ ဧကံဆန္ဒံ - တစ်ခုတည်းသော ဆန္ဒသည်၊ သမိဇ္စျတု- ပြီးစီးအောင်မြင်ပါစေ သတည်း။
No comments:
Post a Comment